Wednesday, June 3, 2009

my baby



သားသား ၃ လပြည့်ပုံ






သားသား ၂ လ ပြည့်ပုံ



my baby

2 လ အရွယ်

Monday, April 13, 2009

တစ်နှစ်ပြည့် မွေးနေ့ ကိတ်


Date ၁၂.၀ရ.၂၀၀၈

ပထမဆုံးအမှတ်တရမွေးနေ့ 




ဒီနေ့  12.07.2008 မှာသားသား ရဲ့ ၁ နှစ်ပြည့်မွေးနေ့ ကိုအိမ်မှာဘဲသူငယ်ချင်း ရဲ့ အမွှာသမီးလေးနှစ်ယောက်နဲ့ လုပ်ဖြစ်တယ်...ကလေးတွေကဘာမှ ဟုတ်တိပတ်တိမစား တတ်သေးတော့  သူတို့ စားနေကြဆန်ပြုတ်ဘဲကျွေးခဲ့တယ်.. မေမေတို့ လူကြီးတွေက kfc ၀ယ်စားကြတယ်..သားသားက မွေးနေ့ ရောက်ခါနီးပေမဲ့ လမ်းမလျှောက်တတ်သေးလို့  မွေးနေ့ ဖယောင်းတိုင်လေးဘယ်လိုမှုတ်မှာ လဲလို့ စ မိတယ်...တကယ်ထူးဆန်းတာပဲ အဲလိုစပြီးသုံးရက်အကြာမှာ သားသားလမ်းလျှောက်လာခဲ့တယ်...

တွေးမိတွေးရာ

စနေနေ့ ညနေ သားအိပ်ယာထလာချိန်မှာ ကိုယ်တွေပူနေတယ်..sunday လည်းမပူတပူ ဘဲ..ဒီနေ့ တော့နှာပိတ်နေပြန်ပြီ..သားနေမကောင်းရင်သနားစရာလေးဘဲ..ချွဲလည်းအရမ်းချွဲတတ်တယ်..နေမကောင်းတာတောင်အမေ ကိုလိုက်စ နေသေးတယ်..သိပ်ချစ်ဖို့ ကောင်းတဲ့သားလေး....

Wednesday, April 1, 2009

son's photo





သားသား ၂ လ အရွယ်



ပေါက်ကရ အိပ်မက်


မနေ့ ညက gtalk မှာအစ်ကို နဲ့  ချက်ကြတယ်...အစ်ကိုက သူတို့ တွေရေခဲတောင်ပေါ် စကိတ်သွားစီး ကြတဲ့ ပုံတွေပို့ ပေးတယ်..လမ်းဘေးတလျှောက်ရေခဲတွေ ပဲမြင်ရတယ်...နုတ်ဆက်ပြီးအိပ်ယာဝင်ခဲ့တယ်...အပ်မက်ထဲမှာချမ်းလို့ နိုးလာခဲ့တယ်...အပြင်မှာကွေးပြီးအိပ်နေတယ်..ကိုယ်ပေါ်မှာစောင်ကမရှိနေ ဘူး..ဘေးကိုကြည့်လိုက်တော့ သားသား လည်းကိုယ့် လိုဘဲစောင်မရှိ တုံးလုံးလေးအိပ်နေတယ်...

blog ဖွင့်တဲ့နေ့ 

ဒီနေ့ မှာ blog လေးကိုစတင်ရေးဖြစ်ခဲ့တယ်....မိသားစုအကြောင်း နဲ့  ဘ၀မှာအမှတ် တရ လေးတွေကို မှတ်တမ်း တင်ထား ဖို့ အတွက် ပဲပေါ့... သားသား ကြီးလာရင် ဖတ်ဖို့ လည်းရည်ရွယ်ပါတယ်..နှစ်ဘက်အဖိုး ၊ အဖွား တွေအဒေါ် ၊ဦးလေး ၊ ညီကိုမောင်နှမ တွေအကြောင်း စုံလင်သိရ ဖို့ အတွက်ပါ....